အမေ့ဆန္ဒ - ၁ (မလေး-တပ်ကြီးကုန်း)

ငယ်ရွယ်စဉ်ခါ ပညာရှာ ၊ ကိုယ်တော်ရှင်နှင့် ဖက်တွယ်ကာ

Sunday School လဲ မှန်မှန်တက် ၊ လိမ္မာရေးခြားရှိဖို့အတွက်

ဆုတောင်းခြင်းကို အားကြီးကာ ၊ နှိမ့်ချခြင်းနဲ့ ဆက်ဆံပါ။

နေ့စဉ်ပုံမှန် ကျမ်းစာဖတ် ၊ ဝိညာဉ်ရေးရာ နိုးကြားတတ်။

ကောင်းမှု မကောင်းမှု အသိဥာဏ် ၊ ကိုယ်တော်ရှင်ထံ တောင်းယူရန်

နာခံခြင်းနဲ့ လိုက်လျှောက်တော့ ၊ ကောင်းကြီးများစွာ ရရှိပေါ့။

ကိုယ်တော်ပေးသော ကောင်းကြီးကို ၊ ရေတွက် တတ်ဖို့လို

လမ်းမှားမလျှောက်ဖို့ အမေ့စကား ၊ ကိုယ်တော်ရှင်နှင့်လျှောက်လှမ်းသွား။    ။

(မြန်မာပြည်မှ သားလေး ဒယ်နရယ်ဟန်ဆန်ထူး အတွက် ---)

Additional information