ခရစ်ယာန်ဆိုသည်မှာ F-Penny(Mizo)
- Details
- Category: ကဗျာ
- Created on Wednesday, 01 February 2012 15:56
ထာဝရဘုရား၏ သမ္မာကျမ်းစာဖတ်ခြင်းဖြင့် ဝိညာဉ်အစာသွင်းလောင်းပါ။
ဆုတောင်းခြင်းဖြင့် ခွန်အားယူပါ။
အကြွင်းမဲ့ ယုံကြည်ခြင်းဖြင့် လုပ်ဆောင်ပါ။
ဖြောင့်မတ်ခြင်းဖြင့် ကိုယ်တော်ကိုရှာပါ။ သန့်ရှင်းခြင်းဖြင့် အထံတော်သို့ သွားပါ။
ရဲရင့်ခြင်းဖြင့် လျှောက်လှမ်းပါ။ နှိမ့်ချခြင်းဖြင့် ကူညီပါ။
အားငယ်သူကို အားပေးပါ။ သိမ်ငယ်သူကို ဖေးမပါ။
မနှမြောသော စိတ်ဖြင့် ပေးလှူပါ။ မဝန်တိုသော စိတ်ဖြင့် တွဲခေါ်ပါ။
မဝါကြွားသောစိတ်ဖြင့် ပြောဆိုပါ။
အရှုံးပေးခြင်းဖြင့် သည်းခံ ခွင့်လွှတ်ပါ။
သနားခြင်းဖြင့် ပေးဝေပါ။ ရန်ကို ရန်ခြင်းဖြင့် မတုန့်ပြန်ပါနှင့်။
မေတ္တာဖြင့်သာ အနိုင်ယူပါ။





