ကြေကွဲခြင်းည (နန်းရထိုက်-ကနခ)

ပုံပြင်တစ်ပုဒ် မဟုတ်ခဲ့ဘူး။

ကြေကွဲခြင်းနဲ့ ဒဏ်ရာများစွာ လေပြည်ရဲ့ ဖြည်းညှင်းစွာ တိုက်ခတ်မှုနဲ့

သစ်ရွက်တွေက အသာ အယာ လှုပ်ခတ်ရင်း ပျော်ရွှင်နေကြတယ်။

အာကာတစ်ခွင်ရဲ့ မြင်ကွင်းမှာ အရောင်စုံစွာနဲ့ တိမ်လွှာတွေက စိုးမိုးထားတယ်။

အဖြူရောင် ကမ္ဗလာကောင်းကင်ကို အလှဆင်ထားလို့

အလွမ်းကဗျာ တစ်ပုဒ် ကျမ ရင်မှာ မွေးဖွားလာတယ်။

မိုးကြီးက အုန့်မှိုင်းမှိုင်းနဲ့ ရွာမလို ဟန်ပြင်

မုန်တိုင်းက ဒေါသနဲ့ ရေပြင်လှိုင်းကြီးကို ရိုက်ခတ်လို့

မိုးစက်တွေက ပိုးပိုးပေါက်ပေါက်နဲ့ ရွာသွန်းလို့

ကြေကွဲခြင်း ညလေးတစ်ညပါ။

အာရုဏ်တက်လို့ ကောင်းကင်တစ်ခုလုံး ကြည်လင်သွားမဲ့အချိန်မှာ

ကောင်းကင်မှာ အရောင်အသွေးလှတဲ့ သက်တန့်က

နေရာယူနေပေမဲ့ ၊ သခင်သာ မရှိခဲ့ရင်တော့ -

ဆုံးရှုံးခြင်းတွေနဲ့ တစ်ယောက်တည်း အထီးကျန်တဲ့ ညလေးပေါ့။

Additional information