God With Me (Home -ပုသိမ်)
- Details
- Category: ကဗျာ
- Created on Wednesday, 01 February 2012 15:59
နိုဝင်ဘာ first week မှာ ဘုရားကျောင်းတက်ခွင့်ရတာ
ရရှိတဲ့ ဝိညာဉ်ခွန်အား တစ်သက်လုံး အားပေးစကား။
ဆရာ့ရဲ့ အားပေးစကား ဘုရားထား နေရာမှာ ရှိ
ဘုရားပေး အလုပ်ကိုလုပ် အခြား ပျော်စရာ မရှိ။
တစ်နှစ်ကျော်ဖြတ် ဘဝလမ်း ကုန်းတက်ကုန်းဆင်း အများသား
ခါတစ်လေ လက်လျော့ပြန်ချင် ကျမ်းစကား အားပေးပြန်ပေ
အားယူ၍ ရဲရင့်ကြလော့ သီချင်းသံ ဝိညာဉ်ခွန်အား
သုတ်သင်မျက်ရည် စလေးများ။ အားတင်းကာ ရှေ့သို့ဆက်သွား
သူဌေးမ ပြောတဲ့ စကား။ နင်ဟာ ငါ့အတွက် သုညဘဲ
ငါသုည ဆိုတဲ့ လူသား ၊ ဘုရားပွေ့ချီ ပို့ဆောင်ခဲ့
ငါဆိုတဲ့ အတ္တမာန ရှိခဲ့လို့ ပြုပြင်ခံရ စလုံးနိုင်ငံသို့ ပို့ဆောင်တာ
ငါ့မာန ချိုးဖျက်ဖို့ပါ။ ခုတော့လဲ ငါ့ရဲ့ဘဝ သခင့်ရင်ခွင်မှာ အေးချမ်းသွား
အရာတိုင်းတွက် ကျေးဇူးပါ အလိုတော်တိုင်း အသုံးပြုပါ။
(၂၉နှစ်မြောက်မွေးနေ့နှင့် ဘုရားကျောင်းတက်ခွင့်ရ တစ်နှစ်ပြည့် အမှတ်တရ)





