သက်သေခံချက် (ဂမုန်းလင်း)
- Details
- Category: ကဗျာ
- Created on Wednesday, 01 February 2012 16:01
ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို ဝေမျှသက်သေခံလိုပါတယ်။ ကျမ ဟာ အလွန် ခေါင်းမာတဲ့ အတ္တကြီးသူတစ်ယောက်ပါ။ အထူးသဖြင့် ဘယ် အရာ ကိုမှ ဆု မတောင်းတတ်ပါဘူး။ ကျမ လိုချင်တဲ့ အရာ၊ ဖြစ်ချင်တဲ့ အရာ တစ်ခုခု ဟာ ကျမ ခွန်အားနဲ့ ရနိုင်မယ်လို့ ထင်ရင် ကျမ လုပ်တတ်ပါတယ်။ မထင် ရင် လှည့် တောင် မကြည့်ပါဘူး။ သူငယ်ချင်းတွေက လူမတတ်နိုင်တဲ့ အရာ ကို ဘုရား တတ်နိုင်တယ်လို့ ဝိုင်းပြောကြပါတယ်။ တကယ်တော့ ကျမဟာ ဘုရားသခင် နဲ့ ပြိုင်ပြီး စိတ်ကောက်နေခဲ့တာပါ။ လူတွေ အပေါ်မှာသာမက ဘုရား သခင် အပေါ်မှာပါ ကျမ ဆိုးခဲ့ပါတယ်။ ကျမ ဆိုးခဲ့သမျှ လူတွေ ခွင့်မလွှတ် ပေမဲ့ ဘုရား သခင်က ခွင့်လွှတ်ခဲ့ပါတယ်။ ကျမ ဆိုးသွမ်းခဲ့ပါတယ်။ ရရှိတဲ့ ခွင့် ရက်အတွင်းမှာ ဘုရား အတွက် အချိန်မပေးဘဲ ကျမ ချစ်သူရည်းစားအတွက် အချိန် ပေးခဲ့မိပါ တယ်။ တကယ် ပြသနာတက်ချိန်မှာတော့ ချစ်သူက စွန့်ခွာ သွား ပြီး ကျမ ဘေးနားမှာ ဘုရားသခင်သာ ရှိနေခဲ့ပါတယ်။ ပြသနာများစွာထဲက တစ်ခု ကို သက်သေ ခံချင်ပါတယ်။
တစ်ရက် ကျမ အလေးသွားတဲ့ အခါမှာ သွေးတွေ တအား ကျဆင်း လာပါတယ်။ ကျမ အရမ်းကြောက်သွားခဲ့ပါတယ်။ ငါသေတော့မယ်လို့ အတွေး ဝင်လာခဲ့ပါ တယ်။ ကျမ မသေချင်သေးပါဘူး။ အမြဲတမ်း ငါ့အတွက် ပူပန်တတ်တဲ့ မိသားစုအတွက် ငါအသက်ရှင်ချင်သေးတယ်။ အဲဒီ ရောဂါ အကြောင်း လူတွေကို ပြောပြ ရမှာ ရှက်ခဲ့တယ်။ ဘုရားသခင်ကို ကျမ ဆုတောင်း ခဲ့ပါတယ်။ ဒီရောဂါက ပျောက်ကင်းခွင့် ပေးဖို့ပါ။ ကျမရဲ့ အပြစ်ကို ခွင့်လွှတ် ပါလို့လဲ ဝန်ချခဲ့ပါတယ်။ ဘုရားသခင်က ကျမကို ချစ်ကြောင်း သက်သေ ရလာပါ တယ်။ လေးငါးရက် အတွင်း ကျမ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ကျန်းမာခြင်း ပြန်ရ သည်သာမက ချစ်သူ က ပစ်သွားလို့ အသည်းကွဲနေတဲ့ ကျမကို နှစ်သိမ်ြ့ခင်း ပေးခဲ့ ပါတယ်။ လောကမှာ ငြိမ်သက်ခြင်း လိုအပ်ပါတယ်။ လူတစ် ယောက်ယောက်ရဲ့ ချစ်ခြင်း မေတ္တာကို တသသ မက်မောနေတာထက် ဘုရား မေတ္တာ ကသာ ထာဝရဆိုတာ သိလာရပါတယ်။ ဘုရားသခင်နဲ့ အတူ လျှောက်လှမ်း အသက်ရှင် အားကိုးပါလို့ သက်သေခံ ရေးသားလိုက်ပါတယ်။ ။ ဂမုန်းလင်း





