ချစ်ခြင်းမေတ္တာ ( အငယ်ဆုံးသူလေး)
- Details
- Category: သက်သေခံချက်
- Created on Wednesday, 01 February 2012 16:00
၁ကော၁၃း၁၃ ကို ဖတ်ပြီး တစ်ခုချင်း ဆင်ခြင်မိတဲ့အခါမှာ လူမျိုးတိုင်း နေရာတိုင်း မှာ အလိုအပ်ဆုံး အရာများစွာထဲက ချစ်ခြင်းမေတ္တာဆိုတဲ့ စကားလုံးလေးလဲ တစ်ခု အပါအဝင် ဖြစ်ခဲ့ပါတယ်။ ၁ကော၁၃း၃မှာ သူတပါးကို ကျွေးမွေး၍ ဥစ္စာ ရှိသမျှကို စွန့်ကြဲသည်သာမက ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှာ အပ်သော်လည်း ချစ်ခြင်း မေတ္တာမရှိခဲ့သော် --- ဒီကျမ်းပိုဒ်လေးနဲ့ ဆက်စပ်ပြီး ခရစ်တော်အတွက် အလင်း သက်သေအဖြစ် ဧဝံဂေလိ လုပ်နိုင်ပါတယ်။ အခု ကျမ အလုပ်လုပ်နေတဲ့ အိမ် မိသားစုလေးက မယုံကြည်သူတွေပါ။ သူတို့ဟာ လောကမှာ နေစဉ် လိုလေသေး မရှိအောင် ချမ်းသာကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် မပြုံးပြ နိုင်ကြပါဘူး။ ကျမလဲ သူတို့အတွက် ဆုတောင်းပေးပါတယ်။ ကျမ သူတို့ကို လုပ်ပေး နိုင်တာ ချစ်ခြင်းမေတ္တာ သည်းခံခြင်း နားလည်ခွင့်လွှတ်လို့ပါဘဲ။ ဒါကလဲ ကျမ ခရစ်တော်ဆီမှာ အခမဲ့ ရခဲ့ပြီးလို့ သူတို့ကို လက်ဆင့်ကမ်း ပေးနိုင် ပါတယ်။ အခုတော့ သူတို့မိသားစုလေး တစ်ယောက်နဲ့ တစ်ယောက် ပြုံးရွှင် ရယ်မောစွာ စကားပြော ဆက်ဆံလာနိုင်ခဲ့ကြပါပြီ။ တစ်နေ့ တစ်ချိန်မှာ သူတို့ နှလုံးသားထဲထိ အပြုံးရှင် ခရစ်တော်ဘုရား ဝင်ရောက် ကိန်းဝပ်ဖို့ ကျမ ဆုတောင်းပေးနေပါတယ်။ အိမ်ရှင်များ။ ပွဲစားများ။ သူဌေးများ။ အရာရှိများ။ ခရစ် တော်ရဲ့ ချစ်ခြင်းမေတ္တာကို ခံစားရနိုင်ဖို့ သတိရ ဆုတောင်း၊ ပုံသက်သေ ပြရင်း ကမ္ဘာကြီးကို ချစ်ခြင်းမေတ္တာနဲ့ ပြည့်ဝစေကြစို့။ အားလုံးကို ချစ်တဲ့ - အငယ်ဆုံးသူလေး။





