သက်သေခံချက် (Little Lamb)
- Details
- Category: သက်သေခံချက်
- Created on Wednesday, 01 February 2012 16:02
ကျမ ခံစားရတဲ့ ကောင်းကြီးများထဲက သက်သေခံချင်ပါတယ်။ ကျမ ဟာ ဘုရားသခင် ဆီမှာ ဆုတောင်းခဲ့ပါတယ်။ တစ်လကို တစ်သိန်း ၂သိန်း လောက် ရတဲ့ လစာနဲ့ ဘုရားသခင် နှစ်သက်သော သန့်သန့်ရှင်းရှင်း အလုပ်၊ သမ္မာ အာဇီဝနဲ့ အလုပ်ကို လုပ်ခွင့်ပေးပါလို့ ဆုတောင်းခဲ့ပါတယ်။ သာမာန် ဘွဲ့လက်မှတ်လေး ကိုင်ထားတဲ့ ကျမအတွက် ရယ်စရာ ဆုတောင်းချက်လေး ပါဘဲ။ ကျမအတွက် သမ္မာအာဇီဝနဲ့ သန့်သန့်ရှင်းရှင်း လခကောင်းတဲ့ အလုပ် ရဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျမကို စင်ကာပူကို ပို့ဆောင်ခဲ့ ပါတယ်။ ပွဲစားခ မလို၊ အခမဲ့ ရောက်လာတဲ့အပြင် အိမ်ရှင်ကောင်းနဲ့ ပေးတွေ့ စေခဲ့ပါတယ်။ သူများတွေထက် အဆင့်နိမ့်တဲ့ အလုပ်ဖြစ်ပေမဲ့ သမ္မာအာဇီဝနဲ့ လုပ်ရလို့ ကျမ ပျော်ပါတယ်။ သန့်ရှင်းသော ငွေဖြင့် မိဘကို လုပ်ကျွေးရလို့ အလွန် ဝမ်းသာ ကြည်နူးမိပါတယ်။ ကျမတို့ သိတဲ့အတိုင်း ဘုရားသခင်ဟာ နာခံ သူအတွက် ကောင်းကြီး နဲ့ မနာခံသူ အတွက်ကျိန်ခြင်း အမင်္ဂလာကို ပေးတွေ့ စေပါတယ်။ တစ်နှစ် ပြည့်သွားတော့ ကျမ ခွင့်နဲ့ အိမ်ပြန်ခွင့် ရခဲ့ပါတယ်။ ကျမ မိသားစုဟာ ကျမ စင်ကာပူကို ထွက် သွားစဉ်ကထက် စီးပွားရေး ကျဆင်း နေတာကို တွေ့ရပါတယ်။ ကျမ ရိုးသား ကြိုးစား ချွေတာ လုပ်ထားသမျှ အရာ မထင် တာကိုတွေ့ရတော့ ဘုရားသခင်ကို အပြစ်တင်ခဲ့မိပါတယ်။ ဒါပေမဲ့ မှားယွင်း နေတဲ့ ကျမရဲ့ ဝိညာဉ်ရေးရာ အမြင် တွေကို ဘုရားက ပြန်မြင် စေခဲ့ပါတယ်။ အလုပ်သာ ကြိုးစား လုပ်ပေမဲ့ ကျမ ဟာ ဘုရားသခင်ကို ဆယ်ဖို့ တစ်ဖို့ မှန်မှန် မပေးခဲ့ပါဘူး။ ဒါဟာ အပြစ်ဆိုတာ ကျမ မသိခဲ့ပါဘူး။ ဘုရား သခင်က သူ့ကို ဦးစားပေးချင်ပါတယ်။ ကျမက ဘုရား သခင်ကို ဦးစား မပေးခဲ့ တာကို ပြန်သိလာခဲ့ရပါတယ်။ ကျမလို ဘုရားကို မမေ့ဖို့ သက်သေခံ ရေးသားလိုက်ပါတယ်။ ။ Little Lamb





